All merchandises are created by CDM Artists and CDM Staffs. All proceeds will be directed to Humanitarian Support for Artists, Creators and Internally Displaced People in Myanmar.
Inventory for in-stock items are accurate, it will be dispatched next day.
Preorder items တွေကတော့ မြေပြင်ကအဖွဲ့တွေ ဩစီကိုပို့ပေးတဲ့ အချိန်ပေါ်မူတည်ပြီး စောင့်ပေးရပါမယ်
Please message us if you have any questions.
Link ကို Facebook Messenger browser ထဲမှာမဖွင့်ပါနဲ့ ။
Chrome, Safari, Edge browser တွေထဲမှာဖွင့်မှpayment က အလုပ်လုပ်ပါတယ်။
Home / Shop
အံ့စရာ့ဝင်္ကပါ
AUD $30.00







A one-time price of AUD $30.00 will be added to your order.
Manufacturer: Kind Heart Foundation Inc
- Description
'အံ့စရာ့ဝင်္ကပါ'သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှ ၂၀၂၃ နှစ်ကုန်အတွင်း နွေဦးတော်လှန်ရေး၏ အစိတ်အပိုင်းအသီးသီးကို အသေးစိတ် ရေးဖွဲ့ခြယ်မှုန်းထားသည်။
ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်ကြား မြန်မာ့နိုင်ငံရေး၏ ထင်ရှားအရေးပါသော ဖြစ်ရပ်များနှင့် ချိတ်ဆက်နားလည်နိုင်ရန် အားထုတ်ထားသည်။
မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် ၂၀၁၁ ခုနှစ် နောက်ပိုင်း လမ်းကြောင်းမှန်ပေါ် ရွေ့နေရာက ၂၀၂၁ ခုနှစ်တွင် နောက်ကြောင်းပြန် ဂငယ်ကွေ့ ကွေ့သွားပြီဟု အများက ဆိုကြသည်။
သို့သော် သည်’အံ့စရာ့ဝင်္ကပါ’စာအုပ်က ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကြား ဆယ်စုနှစ်ကာလမှာ မြန်မာ့နိုင်ငံရေးဝင်္ကပါထဲ ဖြတ်သန်းနေခဲ့ကြခြင်းသာဖြစ်သည်ဟု ဆိုထားသည်။
ယခု နွေဦးတော်လှန်ရေးသည် ထိုအံ့စရာ့ဝင်္ကပါကို ဖြိုချရန် ကြိုးပမ်းမှုဟု သည်စာအုပ်က တင်စားသည်။
လမ်းကြောင်း၊ ထောင့်ချိုးနှင့် တံတိုင်းဟု အမည်ပေးထားသော အခန်းတိုလေးများစွာက မြန်မာ့နိုင်ငံရေးဖြစ်စဉ်များမှာ မည်မျှ ရှုပ်ထွေးကောက်ကွေးသော လမ်းပေါ်တွင် ထွက်ပေါက်မရှာနိုင်အောင် ပင်ပန်းတကြီး လျှောက်လှမ်းခဲ့ကြ၊ လျှောက်လှမ်းနေကြဆဲ ဖြစ်ကြောင်း ထင်ရှားစေသည်။
အထောက်အထား၊ အကိုးအကားများနှင့် အချက်အလက်များ အသေးစိတ်လွန်းသကဲ့သို့ ဖြစ်ရပ်များကို ရသဟန် ပုံဖော်ထားမှုက စာဖတ်သူများအတွက် ဦးနှောက်ရော နှလုံးသားနှင့်ပါ ဖတ်နိုင်အောင် အထောက်အကူ ပေးသည်။
အတိတ်နှင့် ပစ္စုပ္ပန်ကြား မသိလိုက်မသိဘာသာ ဖြစ်နေခဲ့သော ချိတ်ဆက်အကြောင်းရပ်များ၊ မှတ်တမ်းများကို ရှာဖွေချိတ်ဆက်ပြထားသဖြင့် ကိုယ်တိုင်ဖြတ်သန်းနေကြသူများအတွက်ပင် ပြန်လည်အမှတ်ရကာ တွေးတောဆင်ခြင်စရာများကို ပေးစွမ်းသည်။